Friday, May 9, 2014

ချစ်ခြင်းများစွာဖြင့်... မေမေတွက် (အမေများနေ့ အမှတ်တရ)

“မေ”

မေ… မေမေ့ ဘ၀ထဲကို သမီးေ၇ာက်လာတဲ့လ
လောကကြီးကို အံတု နာကျင်မှုကို မမှုဘဲ
သမီးကို မွေးဖွားပေးခဲ့တဲ့ဒီလ…
“မေ”… ဆိုတဲ့အတိုင်း
အမေတိုင်းကို ဂုဏ်ပြုဖို့…
အမှတ်တရနေ့လေးကို သူပိုင်တယ်
“အမေများနေ့ ”တဲ့…
မေမေ…ဒီကမ္ဘာမှာလေ
မေမေပေးတဲ့ နွေးထွေးမှု
အားလုံးထက် ပိုနွေးထွေးစေတယ်…
မေမေပေးတဲ့ ချစ်ခင်ကြင်နာမှု
အရာရာတိုင်းထက် လုံခြုံပြည့်စုံစေတယ်…
မေမေပေးတဲ့ အားပေးမှု
ကျရှုံးမှုကို ကြိုးစားမှုတွေ အဖြစ်ပြောင်းလဲနိုင်တယ်..
မေမေပေးတဲ့ ယုံကြည်မှု
ပြသနာတိုင်းကို ၇င်ဆိုင်၇ဲစေတယ်…
မေမေပေးတဲ့ အနမ်း
တသက်မမေ့နိုင်တယ်…
မေမေ…
အပြည့်ဝဆုံးသော ချစ်ခြင်းတွေနဲ့
မေ့မေ့အနားမှာနေလို့
သမီးဆိုတဲ့ ထီးတစ်လက်က..
ထာဝရ အုံ့မိုးပေးနိုင်အောင်
မေမေ့အတွက်
သမီး ကြိုးစားပါမယ် မေမေ…


No comments:

Post a Comment