Monday, May 12, 2014

မေ့မှဖြစ်မည်...

ကျွန်မ သိပ်နှစ်သက်သော ကဗျာလေး တစ်ပုဒ်ကို မျှဝေလိုက်ပါတယ်...

မေ့မှဖြစ်မည် ရစ်ချည်သမျှ
အမှတ်တရတွေ ဖြတ်ပါရစေတော့...
ဝေးမှဖြစ်မည် ဝဋ်လည်သမျှ
ဗျာပါဒတွေ ခဝါချစေတော့...
ဖြစ်မည်ဖြစ်မည်နှင့်
ရစ်ချည်သမျှလဲမပြေ ဝဋ်လည်သမျှလဲမကျေ
အနေဝေးလဲမမေ့ မတွေ့ လဲစိမ်းဖို့မလွယ်
တတွယ်မက်မက် အဖယ်ခက်တဲ့ဆူး
ရင်ထဲစူးနေ
ရူးတော့မတတ်ချစ်မိတယ်။

                        မောင်စိန်ဝင်း (ပုတီးကုံး)

ကျွန်မချစ်သော သူငယ်ချင်းတွေလည်း ရှိခဲ့သမျှ ဝဋ်တွေကျေလို့ ရင်ထဲကစူးကို မေတ္တာတရားလေး ထားလို့ မနာကျင်ဘဲ နှုတ်ယူနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်.....

No comments:

Post a Comment