Wednesday, March 1, 2017

ချစ်ခြင်းမေတ္တာ မျှဝေပါသော်

                                                             

ပုထုဇဉ်ဖြစ်တဲ့ လူသားတွေဟာ တစ်ဦးနဲ့ တစ်ဦး သံယောဇဉ်တွေ မေတ္တာတွေ ကြင်နာမှုတွေ ချစ်ခင်မှုတွေ တွယ်တာမှုတွေနဲ့ ပျော်ရွှင်စရာနေ့တွေကို ဖြတ်သန်းရတာလည်း ရှိသလို- ကိုယ်ကပေးတဲ့ ချစ်ခင် ကြင်နာမှုတွေကိုတဖက်သားက လျစ်လျူရှု ဥပက္ခာပြုခံရတဲ့ အခါမှာ လူသားသဘာဝ နာကျင်ခြင်း ၀မ်းနည်းခြင်း ကြေကွဲခြင်း ဆိုတဲ့ ခံစားချက်တွေနဲ့ ၀မ်းနည်းပူဆွေးကြရတယ်လေ...
တို့တတွေ အသည်းကွဲကြတယ်.. ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်ဖူး.. ကိုယ်ကြင်နာတဲ့သူက ကိုယ့်ကိုပြန်မကြင်နာတဲ့အခါတွေမှာ.. တို့တွေ ဘာလုပ်ကြမှာလဲ.. ထိုင်ပြီး ၀မ်းနည်းကြေကွဲ ပူဆွေးမှုနဲ့ အချိန်ကုန်ခံနေမှာလား.. တကယ်တော့ ကိုယ့်မေတ္တာကို နေရာမှားပြီး မလိုအပ်တဲ့သူ မလိုချင်တဲ့သူကို အတင်းကာရော လိုက်ပေးမိတာကြောင့် ပူဆွေးကြရတာပါ.. လောကကြီးမှာ မေတ္တာလိုအပ်နေတဲ့ သူတွေအများကြီးပါ.. တို့တတွေရဲ့ အတွေးလေးတွေ ခံစားချက်တွေကိုပြောင်းပြီး.. ကိုယ့်မေတ္တာတွေ ချစ်ခြင်းတွေကို လိုအပ်တဲ့သူတွေဆီကို မျှဝေပေးကြရအောင်..
ပထမဦးဆုံး.. အနီးစပ်ဆုံး ကိုယ့်မိသားစုအပေါ် အရင်ကထက် ချစ်ခြင်းတွေ ပိုပြီး ပုံအောပေးလိုက်ပါ.. (အမြဲအနားနေနေတဲ့ မိသားစုမို့ အထူးတလည် ကိုယ့်ခံစားချက် ပြောင်းလဲမသွားဖူးလို့ခံစားမိရင်..) ကိုယ့်အိမ်မှာ ကိုယ့်ကို ကူညီဖေးမနေတဲ့ ကူဖော်လောင်ဖက်တွေကို ကိုယ့်ညီမလေး ကိုယ့်အမ ကိုယ့်ဆွေမျိုးလို သဘောထားပြီး ခါတိုင်းထက်ပိုတဲ့ မေတ္တာတွေပေးကြည့်ပါ… ဒါမှမဟုတ်လည်း.. မိဘမဲ့ကျောင်းကိုသွားမလား… ဘိုးဘွားရိပ်သာကိုသွားပြီး မေတ္တာလိုအပ်နေတဲ့ ကလေးလေးတွေ ဖိုးဖိုးဖွားဖွားတွေကို ကိုယ့်ရဲ့ ပိုလျံနေတဲ့… များပြားနေတဲ့… ပေးချင်နေတဲ့.. မေတ္တာတွေကို မျှဝေပေးလိုက်ကြရအောင်…
စဉ်းစားကြည့်ရုံ တွေးကြည့်ရုံနဲ့တင်ကို ပီတိဖြစ်စရာလေးတွေပါ..
တခါတရံမှာ ပူလောင်တဲ့ ချစ်ခြင်းတွေကြားမှာ လူပင်ပန်းစိတ်ပင်ပန်းနဲ့ အချိန်တွေကုန် စိတ်ဓါတ်တွေကျ မွန်းကျပ်မှုတွေခံနေမယ့်အစား… လိုအပ်နေတဲ့ သူတွေကို ကိုယ့်မေတ္တာတွေ အချိန်တွေကို မျှဝေကြရင်း.. ကိုယ်တိုင်လည်း ကြည်နူးရ တဖက်သားတွေလည်း မေတ္တာတရားတွေနဲ့ အေးချမ်းစေတာပေါ့..
ပူလောင်သော ချစ်ခြင်းမေတ္တာတွေကို အေးမြခြင်းအဖြစ်သို့ပြောင်းရင်း ငြိမ်းချမ်းသာယာသောနေ့ရက်တွေကို ပိုင်ဆိုင်ကြပါစေလို့…
မေတ္တာမွန်ဖြင့်
Angela Aung

No comments:

Post a Comment