Tuesday, August 4, 2015

ကလေးလေးတယောက်ရဲ့ ချစ်ခြင်း


တွေ့ဆုံခွင့် မရခဲ့ပေမယ့်
ကိုယ့်ရင်ထဲက အရင်းနှီးဆုံးချစ်သူ

ခုချိန်ခွဲခွာရပေမယ့်
တနေ့တို့တွေပြန်ဆုံမယ်လို့
ယုံကြည်နေတယ် ချစ်သူ

အဲ့ဒီတနေ့အထိ
မင်း နှလုံးသားလေးတည်ရှိရာ
ဘယ်ဖက်ရင်အုံဆီက
အနက်ရှိုင်းဆုံးနေရာလေးကို
တစ်ဦးတည်းမူပိုင်အဖြစ်
သိမ်းပိုက်ခွင့်ပြုပါ ချစ်သူ

သူတို့တွေလို
အချစ်လို့အဓိပ္ပာယ်ဆောင်တဲ့
တပ်မက်ဖွယ် အနမ်းတွေ
ကိုယ်မပေးတတ်ဖူး ချစ်သူ...

ဖြူစင်တယ်လို့ အာမ မခံနိုင်ပေမယ့်
ပါးနှစ်ဖက်ပေါ် ပေးမယ့်ကိုယ့်အနမ်း
ရမက်တွေ ကင်းပါတယ် ချစ်သူ

ကိုယ်ပေးပို့လိုက်တဲ့ အနမ်း
ပါးပြင်နှစ်ဖက် နွေးထွေးသွားတိုင်း
အသိမှတ်ပြု လက်ခံပေးပါချစ်သူ
အဲ့ဒါ ကလေးဆန်ဆန်
ကောင်မလေးတယောက်ရဲ့ ချစ်ခြင်းမို့ပါ



No comments:

Post a Comment