ကျွန်မ ချစ်သော နိုဝင်ဘာ...
နှစ်တစ်နှစ်ကုန်ဖို့ တစ်လသာကျန်တော့တဲ့ ဒီလလေး...
ကျွန်မ ချစ်ရတဲ့သူတွေရဲ့ မွေးလ...နိုဝင်ဘာ..
ဒီချိန်ရောက်တိုင်း ကျွန်မ သိပ်ပျော်နေခဲ့တာပေါ့....
လတစ်လလုံးရဲ့ အပတ်တိုင်းဟာ..
"ပျော်ရွှင်ဖွယ် မွေးနေ့ ရက်လေးဖြစ်ပါစေ" လို့ ပြောခွင့်ရခဲ့တယ်...
၂၀၁၃ ခုနှစ်က အစပြုလို့ ကျွန်မ နိုဝင်ဘာလလေးကို
အရင်လို ပျော်၇ွှင်မှုတစ်ခုတည်းမဟုတ်ဘဲ
လွမ်းဆွေးမှုနဲ့ အတူ ဖြတ်သန်းနေခဲ့ရတယ်...
နိုဝင်ဘာကို ချစ်ခြင်းမပြယ်ပေမဲ့..
ကျွန်မ အရင်လို ပြည့်ဝတဲ့ ပျော်၇ွှင်မှုမရနေတော့ဖူး....
ကျွန်မချစ်သော နိုဝင်ဘာ...
ကျွန်မ မမုန်းဖူး..
ဘယ်တော့မှလည်း မုန်းဖို့မကြိုးစားပါဖူး...
အလွမ်းတွေကို ရင်ထဲသိမ်းလို့
လွမ်းလွမ်းလေးနဲ့ပဲ ဆက်ချစ်နေမယ် နိုဝင်ဘာ...
No comments:
Post a Comment