ငါထင်ခဲ့တဲ့ ချစ်ခြင်း
ချစ်သူ ငါထင်ခဲ့တယ်...
အချစ်ဆိုတာ ရယူပိုင်ဆိုင်ဖို့..
အချစ်ဆိုတာ ကိုယ့်ကိုယ်သူဂရုစိုက်ဖို့..
အချစ်ဆိုတာ ကိုယ့်တစ်ယောက်တည်းကို သူချစ်ဖို့..
အချစ်ဆိုတာ....အချစ်ဆိုတာ...
တကယ်တော့ အချစ်ကို ငါ့အတ္တတွေနဲ့ မီးပြင်းထိုးမိတယ်..
ပူလောင်ရတယ် ချစ်သူ...
ငါနားလည်လာတဲ့ ချစ်ခြင်း
အချစ်ဆိုတာ.....
ကိုယ်ထားနိုင်မယ့် စေတနာ
ကိုယ်ပေးနိုင်မယ့် မေတ္တာ
ကိုယ်ပေးမယ့် သူ့တွက် အကြင်နာ
ကိုယ်ပေးမယ့် သူ့တွက် ဂရုဏာ
အချစ်ဆိုတာ.. အချစ်ဆိုတာ...
ကိုယ့်အတွက် အေးမြခြင်းတွေကိုယူဆောင်ပေးမယ့်
လေပြေညင်းလေး...
အေးချမ်းတဲ့ လေပြေလေးပါ ချစ်သူ..
No comments:
Post a Comment