အခုရေးထားတဲ့ စာစုလေးက ဂျပန်နိုင်ငံမှာနေစဉ် ကြုံတွေ့ရတဲ့ ဂျပန်လူမျိုးတွေရဲ့ ဓလေ့စရိုက်လေးတွေကို သူငယ်ချင်းများကို ပြန်လည်မျှဝေတာပါ.. ဂျပန်လူမျိုးတွေအကြောင်းကတော့ အားလုံးကို
ခြုံငုံမမိရင်တောင် အကြမ်းဖျင်းတော့ သိသွားမယ်လို့ ထင်မိပါတယ်…
အချိန်အလေးထားမှု၊ တိကျမှု..
အချိန်အလေးထားမှုဆိုတာ
ပြောလိုက်တာနဲ့ ဂျပန်လူမျိုးနဲ့တွဲပြီးမြင်ရလောက်အောင် သူတို့တွေက အချိန်ကို တိတိကျကျ
လိုက်နာတယ်.. ချိန်းထားတဲ့အချိန်ကို တန်ဖိုးထားတယ်… တစ်ခါတစ်ရံ ကိုယ်ကမိနစ်အနည်းငယ
်(၅မိနစ်လောက်) စောရောက်နေရင်တောင်မှ ချိန်းထားတဲ့ အချိန်ထိ အခန်းဝမှာ မတ်တပ်စောင့်နေတတ်တယ်…
ရထားနောက်ကျလို့ ရထားစောင့်နေရလို့ဆိုတဲ့ ဆင်ခြေတွှေဟာ ဂျပန်မှာ နေထိုင်တဲ့ သူတွေတွက်
အသုံးမ၀င်လှဖူး… သူတို့မှာ ရထားနောက်ကျတယ်ဆိုတာ မရှိသလောက်ရှားသလို… ရထားနောက်ကျခြင်းက
ခွင့်လွှတ်နိုင်စရာ အကြောင်းပြချက်တစ်ခု ဖြစ်မနေပါဖူး… အကြောင်းကြောင်းကြောင့် (ရထားရှေ့ခုန်ချလို့..ရာသီဥတုအခြေနေ..စသဖြင့်ပေါ့)
နောက်ကျခဲ့ရင်တောင် နောက်ကျသွားရတဲ့ အတွက် ဘူတာအထွက်မှာ ရထားနောက်ကျကြောင်း သက်သေပြနိုင်မယ့်
လက်မှတ်လေးတောင်းယူနိုင်တယ်… ရထားက သတ်မှန်လာချိန်ထက် နောက်ကျခဲ့မယ်ဆိုရင်လည်း ဘယ်နှစ်မိနစ်လောက်
နောက်ကျပါတယ်ဆိုတာကို ကြော်ငြာတယ်လေ.. အဲ့လိုမျိုး ရထားဘူတာတွေမှာ တစ်မိနစ်နှစ်မိနစ်လောက်နောက်ကျမှာကို
အရေးတယူကြေငြာနေတာတွေ့တော့ ရောက်ခါစက ပိုလွန်းလိုက်တာ မြင်မိတယ်…တို့များတိုင်းပြည်မှာ
ဘတ်စ်ကားဆိုတာ မှတ်တိုင်တစ်ခုက တစ်ခုကိုကူးဖို့အရေး လမ်းဆင်းလျောက်တာကမှ မြန်အုံးမယ်ဆိုတော့
ဂျပန်က ကြေငြာချက်ကို အကဲပိုတယ်လို့ထင်ခဲ့မိတာ…
တစ်ခါတစ်လေကျတော့လည်း တစ်မိနစ်လောက်နောက်ကျလို့ ရထားထွက်သွားတဲ့အခါ .. “တစ်မိနစ်နောက်ကျသွားပြီ
ရထားကြီးထွက်လို့သွားပြီ လက်ကလေးပြလို့နှုတ်ဆက်” ဆိုတဲ့သီချင်းလေးလိုဘဲ တစ်မိနစ် နှစ်မိနစ်လေးကလည်း
တန်ဖိုးရှိမှန်းသိလာရတယ်..”
ရထားလာချိန်ကို
သေချာတွက်ပြီး ရောက်မယ့်အချိန်ကို တော်တော်တိတိကျကျမှန်းနိုင်တာမို့ ကိုယ်အိမ်ကထွက်မယ့်အချိန်ကို ညှိယူလို့ရသလို ခရီးစဉ်ကို
အချိန်ဇယားဆွဲရတဲ့အခါ တော်တော်ကို အဆင်ပြေပါတယ်… တစ်နေရာရာသွားကြမယ်ဆို ဘယ်ချိန်ထွက်မယ်
ဘယ်ချိန်ရောက်မယ် ဘယ်လောက်ကြာနားမယ်ဆိုတာကို အသေးစိပ်ဇယားချလုပ်တတ်တဲ့ သူတို့တွေနဲ့
သူတို့စနစ် သူတို့စရိုက်ကိုက်ပါပေတယ်…
စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ စနစ်တကျလုပ်ဆောင်တတ်မှု၊
ပြန်လည်စိစစ်သုံးသပ်တတ်မှုအလေ့ထ
ဂျပန်မှာ
နေစဉ် လက်ပူတိုက်လုပ်လိုက်ရတယ်… … ပြီးစလွယ်
ဖြစ်သလိုလုပ်လိုက်ရတယ်ဆိုတာ မရှိသလောက်ပါ အဖြစ်သဘောလုပ်လိုက်ရတယ်ဆိုတာ ပြစရာတောင်ရှာမရအောင်
ရှားပါတယ်…(သူတို့လုပ်တာကိုပြောတာနော်.. ကိုယ့်ကိစ္စတွေတော့ လက်ပူတိုက်ရတာ ပြစရာများပုံနေတာ
… အရေးကြီးတာတော့ မပါဖူးပေါ့ J) ဘယ်လောက်ဘဲ သေးဖွဲတဲ့ အလုပ်ဖြစ်နေပါစေ
သေချာစနစ်တကျပြင်ဆင်လုပ်တတ်တာက အတုယူဖွယ်ကောင်းပါတယ် … ရှိတာလေးနဲ့ ဖြစ်အောင်.. တစ်ခါတစ်လေ
လက်ပူတိုက်လုပ်တတ်တဲ့ ကျွန်မကတော့ တစ်ခါတစ်ရံမှာ
ကိုယ်တိုင် စိတ်မရှည်ဖြစ်မိတယ်… အချိန်ယူလိုက်တာ အချိန်ဖြုန်းလိုက်တာလို့ ထင်မိတဲ့အခါတွေလည်း
ရှိတာပေါ့… ဒါပေမဲ့ သေချာပြင်ဆင်မှုကြောင့် အကျိုးဆက်ကောင်းတာတွေကိုလည်း တွေ့ရတဲ့အခါ
ပွဲမ၀င်ခင် ကြိုတင်ပြင်ဆင်မှုက အောင်မြင်မှုနဲ့ ပိုနီးစေတယ်ဆိုတာလည်း သတိထားမိပြန်တယ်… အလုပ်တစ်ခု၊ ပရောဂျက်တစ်ခု၊ အသေးမွှားဆုံး သင်ခန်းစာတစ်ခုသင်ပြီးရင်တောင်
ပြန်လည်စိစစ်သုံးသပ်တတ်တဲ့ အလေ့ကိုတော့ သဘောကျမိပါတယ်…
အခုကျောင်းတက်နေတာမို့
ကျောင်းမှာ ကြုံတွေ့ရတဲ့ အရာလေးတွေကိုဘဲ ဥပမာပေးပြီး ရေးပါ့မယ်..
အခု
teaching assistance လုပ်တယ်.. တစ်နေ့တာ သင်ခန်းစာတွေပြီးသွားတဲ့ အခါ ပြန်လည်သုံးသပ်ချက်
ထင်မြင်ချက် ကျောင်းသားတွေရဲ့အားနည်းချက် အားသာချက် စသဖြင့်ပေါ့လေ ပြန်သုံးသပ်တဲ့အချိန်တွေက
စာသင်ရတဲ့ အချိန်ထက်တောင် ပိုပင်ပန်းစေတယ်..ဖြေရှင်းချက်တွေ အကြောင်းပြချက်တွေ ထင်မြင်ချက်တွေပေးရလွန်းလို့လေ…
ဒါပေမဲ့ အဲ့လိုပြန်သုံးသပ်ချက်က ကျောင်းသားတွေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်တဲ့
သင်ကြားရေး ပေးနိုင်စေတယ်… ဘယ်အလုပ်ဘဲ လုပ်လုပ်
ကာလရှည် အလုပ်ဆိုရင် စဉ်ဆက်မပြတ် သုံးသပ်နေတာမျိုး၊ ကာလတိုဆိုလည်း ပြီးဆုံးတဲ့အခါ ပြန်လည်သုံးသပ်တာမျိုးက
နောက်တစ်ကြိမ်မှာ ပိုမိုကောင်းမွန်တဲ့ အရည်သွေးကို ဖြစ်စေပါတယ်.. ကောင်းမွန်တဲ့ အဲ့ဒီအချက်ကိုတွေ့ပြီးကတည်းက
တစ်ခါတစ်ရံ ကိုယ့်ကိုယ်ပြန်သုံးသပ်ရင်း လိုအပ်ချက်တေ၊ွ ဖြည့်ဆည်းရမှာတွေပြည့်နေတဲ့
ကိုယ်ပါလားလို့ …တွေးရင်း မောသွားရပြန်ရော…
လေးလေးပင်ပင်ခေါင်းစဉ်လေးတွေအကြား
ပျော်စရာလေးထည့်ရေးလိုက်အုံးမယ်..
အလှအပကြိုက်တဲ့ဂျပန်တွေ
အလှကြိုက်တာတော့
ဘယ်လူမျိုးရယ် မဆိုသာပေမယ့်.. ဂျပန်မလေးတွေ အလှကြိုက်ပုံက ကိုယ့်တွက် ပုံမှန်ထက်ပိုသလားလို့ပါ…
သာမန်ဂျပန်မလေးတွေ ပြင်ထားတာက ကိုယ့်အတွက် မင်းသမီးလေးတစ်ယောက်လိုပါဘဲ..ကိုယ်ကဘဲ အပြင်ဆင်ညံ့တာဖြစ်မယ်..တစ်ခါတစ်လေများ
မိန်းကလေးချင်းတောင် နှစ်ခါမက ပြန်ကြည့်ဖူးတယ်… သဘောကျလွန်းလို့လေ… အလှပြင်ကျွမ်းကျင်မှုကတော့
ပြောမနေပါနဲ့… မိတ်ကပ်လေးနဲ့ အမြဲမြင်နေသူကို မိတ်ကပ်မပါဘဲမြင်တဲ့အခါ နှုတ်ဆက်ဖို့
တွန့်မိတယ်.. လူများမှားလားပေါ့..ရထားပေါ်အလှပြင်သူကလည်း တက်လာတုန်းကပုံနဲ့.. ဆင်ခါနီးဘူတာရောက်ရင်အသင့်အနေထားပုံက
လူများချိန်းလိုက်သလားထင်ရတယ်… ရထားပေါ် eyelinear ဆွဲတာများ တစ်ချက်မ၇ွှဲ့ ဖြောင့်လို့တန်းနေတာဘဲ..ကိုယ်တွေများ
အသက်အောင့်ပြီးဆွဲတောင် မဖြောင့်.. ညီမတစ်ယောက်ကအားပေးရှာတယ် နေ့တိုင်းအိမ်မှာညဖက်လေ့ကျင့်ရင်
လက်ရည်တက်လာမယ်တဲ့… တော်ပါပီ လက်ရည်မတက်ခင် ပယ်၇ွှဲ့လို့ မျက်လုံးတစ်ခုလုံး မည်းမည်းသွားတာမို့
ခုထိကို မသုံးတော့ဘဲ လက်လျော့လိုက်ရတယ်…
ဂျပန်မလေးတွေ
အလှကြိုက်ချက်က ညတောင် အလှပြင်ရက်သားနဲ့ အိပ်တဲ့ မမလှလှ တွှေလည်းမနည်းဖူးလို့ နိုင်ငံခြားသားသူငယ်ချင်းမလေး
တစ်ယောက်က ဖောက်သည်ချဖူးတယ်… အလှပတွက် ထွက်လိုက်တဲ့
ပစ္စည်းတွေကလည်း မနည်း .. အသားရည်လှအောင် မျက်နှာလေးသွယ်နေအောင် ၀က်ခြံမထွက်အောင်...အဲကွန်းခန်းမှာနေရတာမို့
moisture ထိန်းပေးတာ ကမ်းခြေသွားထားလို့ နေလောင်ထားတာမို့ အသားရောင်ညှိပေးတာ.. အမလေး
စုံနေတာဘဲ…. ကိုယ်တိုင်ကတော့ နှမြောပြီး ၀ယ်မထွက်တာ..အလှပတွက် အများကြီးအကုန်မခံချင်တာလည်းပါတာပေါ့လေ…
ဈေးသွားပတ်တဲ့အခါ ကိုယ်မသုံးဖူးတဲ့ ပစ္စည်းတွေက အများသား… ပြင်ဆင်တတ်ပုံ ကျွမ်းကျင်ပုံကလည်း
လက်ဖျားခါလောက်တယ်.. ဒါပေမဲ့ သူတို့အလှပြင်ထားပြီး လှလှလေးမြင်ရတော့ ကိုယ်လည်း ပျော်တာပေါ့..ဟုတ်တယ်လေ..ဘိုသီဘပ်သီထက်စာရင်
လှပကျော့ရှင်းနေတော့ မြင်ရသူစိတ်ချမ်းသာတာပေါ့… တစ်ခါတစ်ရံ သူတို့ရထားပေါ်ပြင်တာ ကိုယ်အတွက်တော့
သင်တန်းကြေးမပေးရတဲ့ အလှပြင်သင်တန်းတက်ရသလို အတွေ့ကြုံတောင်ရသေးတယ် မဟုတ်လား…
ဂျပန်ကောင်လေးတွေလည်း
ဘာထူးလို့ အလှတော့ မပြင်ပါဖူး.. ရထားတစ်တွဲဆို ဂျပန်ကောင်လေးတွေ (၄၀-၅၀ကျော်မဆိုလိုပါ)
တစ်ဝက်ကျော်လောက်က မျက်ခုံးရိပ်ထားသတဲ့… ကိုယ်တွေများ ဖြစ်သလိုကျောင်းသွားမိတဲ့အခါ
(ဒါတောင် အောက်ခံလေးလိမ်းပြီးတက်လေ့ရှိတာမို့) အနည်းဆုံးတော့ သူတို့အကြည့်ခံရပြီမှတ်..
လှလို့များမထင်နဲ့.. ဘယ်လိုပုံနဲ့များ အပြင်ထွက်လာလည်းပေါ့… ကဲ.. စောစောလေးများနိုးပြီး
ခါတိုင်းထက် အနည်းငယ် အရောင်လေးတင်ကာ ပိုပြင်လိုက်တယ် ဆိုရင်ဘဲ အဲ့ဒီနေ့ ရည်းစားနဲ့ဘဲ
date ထားသလား အမေးခံရပြန်ရော.. အဲ့တော့ မထူးပါဖူး.. မဟုတ်ဘဲ အမေးခံရမယ့်အတူ အိပ်တာက
အကျိုးများသေးဆိုတော့ စောစောနိုးလဲပြင်မနေတော့ဖူး ပြန်အိပ်လိုက်တာပေါ့.. ဒါပေမဲ့ မြန်မာပြည်မှာနေတုန်းကထက်တော့
ပိုပြီး အလှပကို မြတ်နိုးတတ်လာတယ်.. ရထားပေါ်က သင်ခန်းစာတွေနဲ့ ပိုပြင်ဆင်တတ်လာတယ်လို့တော့
ပြောလို့ရမယ်ထင်တယ်.. ကျေးဇူးတင်ရပါတယ် ဂျပန်မမတွေရယ်… :P
တစ်ခုသတိထားမိတာက
ကိုယ့်ကိုယ်ကို ကျော့ကျော့လေးပြင်ဆင်လိုက်ခြင်းက ယုံကြည်မှုပိုရှိသွားစေပါတယ်(personality)
ပေါ့… ဒီတော့ လူရှေ့ထွက်ပြီး presentation လုပ်ရမယ့်နေ့မျိုးဆိုရင်တော့ မမတို့ရေ..
လှလှပပ ကျော့ကျော့လေးသာပြင်သွားပေတော့.. အိပ်ရေးလေးတော့ ပျက်မှာပေါ့နော်..
ဆက်ရေးမယ်နော်.